စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် ယူအေဘီဘဏ်လီမိတက်တို့အကြား ဝန်ဆောင်မှုများအတွက် အွန်လိုင်းငွေပေးချေမှု အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဆိုင်ရာ ဆွေးနွေးမှုမှတ်တမ်း Record of Discussion – ROD လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့၊ နံနက် (၁၀:၀၀)တွင် နေပြည်တော်ရှိ Amara Hotel ၊ Fantastic Hall ၌ ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ယူအေဘီဘဏ်လီမိတက်မှ Senior Vice President ၊ ဒေါ်သန္တာထိုက် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ MITC Website မှ ကုန်စည်ပြပွဲနှင့် ဈေးကွက်ဆိုင်ရာ သတင်း အချက်အလက်များ၊ ပို့ကုန်မြှင့်တင်ရေးဗီဒီယိုများကို ကုန်သည်လုပ်ငန်းရှင်များသိရှိနိုင်ရေး ဆောင်ရွက်လျှက်ရှိသည့်အပြင် စီးပွားရေးဗီဇာထောက်ခံချက် လျှောက်ထားခြင်း၊ ကုန်စည်ပြပွဲ တွင် ပါဝင်ပြသသူ/ လိုက်ပါသူ (Exhibitor/ Visitor) မှတ်ပုံတင်ခြင်းလုပ်ငန်းများအတွက် ဝန်ဆောင်မှုပေးလျှက်ရှိကြောင်း၊ ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် MITC Website မှတဆင့် OGL လျှောက်ထားနိုင်ရေး ဆောင်ရွက်ပေးလျှက်ရှိကြောင်း ပြောကြားခဲ့ ပါသည်။
ထို့နောက် ယူအေဘီဘဏ်လီမိတက်မှ Senior Vice President က ငွေပေးချေမှုနှင့် စပ်လျဉ်း၍ ယူအေဘီဘဏ်လီမိတက်အနေဖြင့် အစိုးရဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျှက် ရှိမှုနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြား ရေးမှူးချုပ်နှင့် ယူအေဘီဘဏ်လီမိတက်မှ Senior Vice President တို့က မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် ယူအေဘီဘဏ်လီမိတက်တို့အကြား ဆွေးနွေးမှုမှတ်တမ်းအား လက်မှတ် ရေးထိုးလဲလှယ်ခဲ့ကြပါသည်။
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် ယူအေဘီဘဏ်လီမိတက်တို့အကြား ဆွေးနွေးမှု မှတ်တမ်း(ROD)ကို လက်မှတ်ရေးထိုးနိုင်ခြင်းကြောင့် အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းများအတွက် ငွေပေးချေမှုဆိုင်ရာလုပ်ငန်းများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှစတင်၍ mitc.myantrade.gov. mm မှတဆင့် အွန်လိုင်းအသုံးပြုသူလုပ်ငန်းရှင်များကို ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ